FLEGT လုပ်ငန်းစဉ်ကို ဆောက်ရွက်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် –
- ပြည်တွင်းဈေးကွက်မှ အခွန်အခပိုမိုရရှိစေခြင်း၊
- သစ်တော စီမံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လာနိုင်ခြင်း
- သစ်တောများကြောင့်ရရှိလာမည့် စီးပွားရေးတန်ဖိုးကို ပြည်သူများ နားလည်သဘောပေါက်အောင် ဆောင်ရွက် နိုင်ခြင်း၊
- နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးရေး ကဏ္ဍများအတွက် ပိုမိုဖြည့်တင်းဆောင်ရွက်ပေးနိုင်ခြင်း
- နိုင်ငံ၏ပုံရိပ်ပိုမိုကောင်းမွန်ပြီး လုပ်ငန်းကဏ္ဍရပ်အပေါ် ယုံကြည်မှု ပိုမိုရရှိနိုင်ခြင်း
(ခ) ပုဂ္ဂလိကကဏ္ဍများ အနေဖြင့် –
- ယခင်ကထက် ပိုမိုစိတ်ချယုံကြည်ရသည့် ဈေးကွက်ကြီးများ ပေါ်ပေါက်လာနိုင်ခြင်း ၊ ဈေးကွက်တိုးချဲ နိုင်ခြင်း၊
- ဥရောပဈေးကွက်သို့ တရားဝင်ကုန်သွယ်နိုင်ခွင့် ရရှိခြင်းကြောင့် ၀င်ငွေပိုမို ရရှိလာနိုင်ခြင်း၊
- တရားမ၀င်သစ်ထုတ်လုပ်မှုများလျော့နည်းသွားစေသည့်အတွက် ဈေးကွက် အတွင်း ပြိုင်ဆိုင်မှု မမျှတခြင်းကို လျှော့ချနိုင်ခြင်း၊
- အသေးစားလုပ်ငန်းရှင်များကို အကြီးစားလုပ်ငန်းရှင်များနှင့် တန်းတူ အခွင့်အလမ်းများ ရရှိလာ နိုင်ခြင်း
- လုပ်ထုံးလုပ်နည်းများအား စီမံထိန်းချုပ်၍ ရှင်းလင်းလွယ်ကူစေခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုကို လျှော့ချနိုင်ခြင်း။
(ဂ) အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့်-
- ဒေသခံပြည်သူများ၏အခွင့်အရေး ပိုမို ရရှိလာအောင်ဆောင်ရွက်ပေးနိုင်ခြင်း
- သစ်တောအသုံးပြုနေသူများ၏ အခွင့်အရေးများ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် သစ်ထုတ်လုပ်သူတို့က ဒေသခံပြည်သူတို့အပေါ် တာဝန်ယူဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း ၊ တိတိကျကျ သတ်မှတ်ပေးနိုင်ရန် တွန်းအားပေးနိုင်ခြင်း၊
- တည်ဆဲ ဥပဒေများကို လိုက်နာကျင့်သုံးနိုင်စေရန် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခြင်း၊
- သစ်တော အခွန်အခ၊ ကောက်ယူခြင်းနှင့် သုံးစွဲခြင်းကို ရှင်းလင်းစွာ သတ်မှတ်နိုင်ရန် တွန်းအား ပေးနိုင်ခြင်း
- သစ်တောထွက်ပစ္စည်းထုတ်ယူခြင်း – တင်ပို့ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ရယူလာနိုင်ခြင်း
- အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်ခွင့်နှင့် ၀င်ရောက်ပြောဆိုခွင့် ရရှိလာခြင်း
(ဃ) ဒေသခံ ပြည်သူများအနေဖြင့် –
- သစ်တောထွက် ပစ္စည်းများကို ဥပဒေနှင့် အညီတရားဝင်ထုတ်လုပ်ရောင်းချခွင့် ရှိနိုင်ခြင်း၊
- တရားမ၀င် သစ်ထုတ်ခြင်းများ ကို စောင့်ကြည့် ၊ သတင်းပေး၊တိုင်ကြား ၊ ကာကွယ်နိုင်ခြင်း၊
- သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် မိမိတို့၏ ဆန္ဒသဘောထားများကို တရားဝင် ထုတ်ဖော် ပြောကြား ခွင့်ရခြင်း၊
- သစ်တောကို မှီခိုနေရသော ဒေသခံပြည်သူများ ၏ သိပိုင်ခွင့်၊ ရပိုင်ခွင့်များ ပိုမိုရရှိလာခြင်း၊
- တုံ့ပြန်နိုင်စွမ်းပြည့်ဝသော လူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာနိုင်ခြင်း
FLEGT လုပ်ငန်းစဉ်ကို ဆောက်ရွက်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ
FLEGT ၏ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ဟူသည်
FLEGT ၏ပံ့ပိုးမှုဖြင့် သစ်တောစီမံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန်စေခြင်း
FLEGT ၏ ပံ့ပိုးမှုဖြင့် သစ်တောထွက် ပစ္စည်းများကို တရားဝင် ကုန်သွယ်မှု ဖြစ်စေခြင်း